Showing posts with label ရင်ဘက်ထဲက ကဗျာ. Show all posts
Showing posts with label ရင်ဘက်ထဲက ကဗျာ. Show all posts
Wednesday, September 30, 2009
ကြယ်ကြွေသံ
ကြယ်ကြွေသံ
ကောင်းကင်မှာ ကြယ်
ကြွေတွေ
အမြဲတမ်းမကြည့်မိပေမယ့်
ကြယ်တွေ
ကြွေမြဲကြွေ။
ကြယ်
ကြွေရင် ဆုတောင်း ရတယ်ဆိုတာ ပြောကြတယ်
ဒီတစ်ခါတော့ လျစ်လျူရူမိပါတယ်။
ကြွေသောကြယ် ထက်ကောင်းကင်မှ
မြေပေါ်သက်ဆင်း ရှူမြင်သူခဏ
အလိုမကျပါက
ကြွေသောကြယ်
အဘယ်သို့ ဖြေအံ့နည်း။
နောက်တစ်ခေါက် လင်းလက်ကြယ်
ကောင်းကင်ပေါ်ထက် ဆုပန်မှာလား ထပ်
ကြွေမှာလားကွယ်။
ကြယ်ကြွေတာ သဘာဝ တားမရသော်ငှား
ကြယ်လေးကိုယ်တိုင် ဆုတောင်းမှာလား
ကြွေလင့်မှာလားကွယ်။
ကြွေတာကြည့်ဖို့  ဘယ်တော့မှ ဆုမတောင်းပါ
တစ်ခုပဲ ကြိုဆုတောင်းလိုက်တယ်
အချိန်မတိုင်ခင်ပဲ မ
ကြွေပါနဲ့ လား ကြယ်လေးရယ်။
သျှင်