အတိုင်းထက် အလွန် Vs အတိုင်းအတာ တစ်ခုထိ
ဆိုတဲ့ စကားနှစ်ခွန်းကို ကျွန်မသဲကွဲအောင် အတော်ကြိုးစားယူရသည်။ နေနော် ရဲ့ "အတိုင်းထက် အလွန်ပဲ" သီချင်းစာသားကတော့ အလွန်မိ၏။ လူတွေကို အတိုင်းထက် အလွန် သို့  အတိုင်းအတာ တစ်ခု အထိယုံသင့်ပါသလား မေးခွန်းကို ကျွန်မကိုယ့်ကိုကိုယ် အမြဲမေးမိနေသည်။ ထိုကိစ္စသည် Question တစ်ပုဒ်ပင်ဖြစ်နေသည်။
ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်က လူသတ်ပြီး လက်ညိုးပေါင်းတစ်ထောင်လည်ပင်းမှာ သီကုံးဆွဲခဲ့တဲ့ အင်္ဂုလိမာလ ဟာ နာမည်ဆိုးနဲ့ လူသတ်သမားအဆင့်ထိရောက်အောင် ပို့ နိုင်သူဟာ သူ့ ဆရာအပြင် "အတိုင်းထက် အလွန် " ဆိုတဲ့ နာခံတဲ့ တပည့်ဟာ ဆရာ့အပေါ် လွန်ကဲစွာ ယုံကြည်မှု နာခံမှု သစ္စာစောင့်သိမှုလား မေးခွန်းအထိ ရောက်အောင် စဉ်းစားဖူးပါတယ်။ အင်္ဂုလိမာလကို မနာလိုလို့ တပည့်တွေရဲ့  ကုန်းချောစကားကို ယုံမိတဲ့ ဆရာကရော "အတိုင်းထက် အလွန်" ပါပဲလား စဉ်းစားကြည့်ပါတယ်။
အဲ့ဒီ့ခေတ်ကမို့ ဆရာပြောတိုင်း တသွေတသိမ်းလိုက်နာ တာမို့ ပြောခဲ့ရင်လည်း ဒီခေတ်ကြီးမှာ ကိုယ့်ထက် အသက်ကြီးသူ၊ ၀ါကြီးသူ ၊အတွေ့ အကြုံရှိသူ သင်ဆရာ၊မြင်ဆရာ ကြားဆရာ သမားများက သူတို့ ပြောတာ အမှန်ချည်းပဲ ယူဆပြီး ကိုယ့်ထက် အသက်ငယ်သူ ၊ ပညာ အတွေ့ အကြုံနည်းသူများအပေါ် ငါပြောတာအမှန်ဟု နိမ့်ချဆက်ဆံ ခဲ့ပါလျှင်ရော တရားပါ၏လော ဟု မေးခွန်းထုတ်ချင်စရာဖြစ်လာပါသည်။
နေရာတကာတွင် အကျိုးအကြောင်းရှိပါသည်။ အကျိုးအကြောင်း အချက်အလက် ခိုင်လုံစွာနဲ့ တင်ပြနိုင်ပါက အတိုင်းထက် အလွန် မဟုတ်တော့ပါ။ အကိုးအကားအချက်အလက် မှန်ကန်ပါက တင်ပြသူ နှစ်ဦးနှစ်ဖက်ခံသာ မြင်သာ သော အတိုင်းအတာ တစ်ခုထိ ရရှိနိုင်ပါတော့တယ်။
ကျွန်မရဲ့ အယူအဆတစ်ရပ်မှာ ကျွန်မကိုယ်တိုင် ကျွန်မထက် ငယ်သူပင် ဖြစ်စေ သူ့ ဆီမှာ ကိုယ်မသိတဲ့ပညာ အယူအဆ အတွေးအခေါ်ရှိနေရင် အဲ့သူ ကို ဆရာတင်ဖို့ ဝန်မလေးပါ။ နောက် အသက်ကြီးခဲ့သူ ဖြစ်ပါကလည်း ကိုယ့်ထက် တော်လျှင်ဖြစ်စေ အသက်အရပဲ ဖြစ်စေ လေးစားတက်ပါတယ်။
ငယ်သူဖြစ်စေ ၊ ကြီးသူ ဖြစ်စေ အဲဒီ့လူက ကိုယ့်ကို တစ်ခုခု ဆုံးမသင်ပေးဖူးရင် သူတို့ ကို အမြဲကျေးဇူးတင်နေတက်ပါသည်။
သို့ သော် တစ်နေရာရာတွင် ကျွန်မ မကြိုက်တဲ့ အယူအဆ လမ်းကြောင်း သွေဖီချင်လာသော ထိုဆရာသမားများကို ပြန်ရင်ဆိုင်တွေ့ ပါက အရင်က ကျေးဇူးနဲ့ ဘယ်တော့မှ ပြန်မချေတက်ပါ။ ကျေးဇူးရှိတာက တပိုင်းစီထားတက်ပါတယ်။ သင်ပေးဖူးတဲ့ အရင်ကိစ္စမှာ အတိုင်းအတာတစ်ခုအထိ ဆရာတွေဟာ မှန်ချင် မှန်နေမယ်။ အမြဲတမ်း မမှန်နိုင်ဘူး ဆိုတာ ကျွန်မလက်ခံထားပါတယ်။ ဒါကြောင့် မေးခွန်းလိုပုံစံ ကျွန်မ ပြန်ထုတ်တက်ပါတယ်။ အဲသည့်အခါမှာ ဖြေရတဲ့သူ အကြံခက်ပြီး အမြင်ကပ်တက်ပါတယ်။ ကျွန်မဆိုလိုရင်းမှာ ရန်သူမိတ်ဆွေမရှိပါ။ အမှန်အမှားအပေါ် ဘယ်လို ရူ့ မြင်သလဲ မေးခွန်းနဲ့ သူတို့ ရဲ့ ဆွေးနွေးတင်ပြချက် အကြောင်းအရင်းပေါ်တွင်ပဲ အခြေခံပါသည်။ ဘယ်သူ့ ကိုမှ မေတ္တာမပျက်ပဲ ရူ့ မြင့်ချက် မတူတဲ့ ရူ့ ထောင့်အပေါ်သာ
ကြည့်ရူ့ နေမိခြင်းဖြစ်ပါသည်။ ကျွန်မ မှားခဲ့သည်ရှိသော် ကျွန်မလက်ခံလောက်တဲ့ အခြေအနေအကိုးအကားတွေနဲ့ တင်ပြပါကလည်း လက်ခံဖို့ ဝန်မလေးပါ။
ကျွန်မတို့  Why ဆိုတဲ့ မေးခွန်းကို "အကျီစားသန်က ရန်များတက်၏ " စကားနဲ့ တစ်ခါတလေ ရောချတက်ပါတယ်။ တစ်ခုခုဆို မေးခွန်းသိပ်မထုတ်ပဲ ဆရာဖြစ်စေ လေးစားတဲ့သူဖြစ်စေ အသက်ကြီးသူဖြစ်စေ ပြောတာအမှန်လို့ ပဲ ယူဆပြီး ရှိတဲ့ အကြောင်းအရာတွေလောက်ပဲ ရပ်တန့် နေတက်ကြပါတယ်။ ဆွေးနွေးငြင်းခုန်ဆူညံပွဲဆူတာမျိုးကို ကျွန်မတို့ မြန်မာတွေ သိပ်မနှစ်သက်တာ တွေ့ ရပါတယ်။ ကျွန်မရဲ့ ဆရာတစ်ယောက်ပြောဖူးပါတယ်။ သူက စာရေးဆရာပါ။
" မြန်မာတွေဟာ ဦးနှောက်အခြောက်ခံမယ့် စဉ်းစားစရာမျိုးဆို ဆန်အိတ်တစ်အိတ် ဟိုနားနဲ့ ဒီနား ပြေးထမ်းချင် ထမ်းမယ်၊ ဦးနှောက်အလုပ်ပေးဖို့ ဘယ်တော့မှ မစဉ်းစားချင်ဘူး၊ ခေါင်းရှုပ်စိတ်ရှုပ်မခံချင်တာကိုး" လို့ ပြောဖူးပါတယ်။
အင်္ဂုလိမာလ ဟာ အလွန်တော်ပြီး ရိုးသားအေးဆေးတဲ့ တပည့်ကျောင်းသားဘ၀ကနေ ဆရာဖြစ်သူရဲ့ ပရိယာယ်လှည့်စားချက်ကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်လက်ညှိုးဖြတ်ဘ၀ကို ရောက်ခဲ့တာ မတော်တဆ မဟုတ်ပါဘူး။ ဆရာ့ကို ယုံကြည်အားကိုးလေးစားလွန်း အတိုင်းထက် အလွန် ထိ ဖြစ်သွားတာကြောင့်ပါ။
တစ်ချို့ သောကိစ္စတွေသည် အစွန်းရောက်ခြင်းသည် မကောင်းပါ။ သို့ ပေမယ့် အတိုင်းအတာ တစ်ခုထိ ဆိုတာ ကလည်း ရှိပါသည်။ လူတစ်ယောက်အပေါ် ပြောသောစကား စနောက်သောစကား၊ ယုံသင့်မယုံသင့် ချင့်ယုံ မယုံ ဆိုတာတွေ မှာလည်း အတိုင်းအတာ တစ်ခုထိ ရှိပါတော့တယ်။ အခြေအနေ အခြေအခါအရ လိုက်လျောညီထွေမှုရှိပြီး အချက်အလက်ဘယ်လောက်ခိုင်လုံကြောင်း တင်ပြမှုသည်သာ အတိုင်းအတာ တစ်ခုထိ ကို အဖြေပေးပါလိမ့်မည် ဖြစ်ပါတော့သည်။ မည်သည့် ကိစ္စမဆို
အတိုင်းထက် အလွန် နဲ့ အတိုင်းအတာ တစ်ခုထိ လွန်ဆွဲကောင်း လွန်ဆွဲနေပေမယ့် ရူ့ မြင်သူရဲ့ အခြေအနေအချန်အခါပေါ် မူတည်နေပါတော့မည်။
သျှင်
{10 Oct 2009}
No comments:
Post a Comment