အကျင့်ကောင်းခြင်း၊ ဆိုးခြင်းသည် အကျိုးရလဒ် သဘောဖြစ်ပြီး
အကောင်းကျင့်ခြင်း မကောင်းကျင့်ခြင်းများသည် အကြောင်းတရား ဖြစ်ပါသည်။
အကြောင်းတရားကြောင့် အကျိုးတရားရရှိခြင်းကို အညမညသဘောအရ အားလုံးလက်ခံပြီးပြီဖြစ်သည်။
အသိရှိကြသော်လည်း အသုံးချမှု (Application) လိုက်နာဆောင်ရွက်ခြင်းမရှိပါက အလိုရှိသောဆန္ဒကို ဘယ်တော့မှရမည် မဟုတ်ပါချေ။
ဗုဒ္ဓလက်ထက်က အမေးတစ်ခု ရှိခဲ့ဖူးသည်။
" နိဗ္ဗန်သွားရာ လမ်းကြောင်းကို ခြွင်းချက်မရှိ သိရှိပြီးဖြစ်ကြောင်းနှင့် ထိုသို့  သိရှိရုံဖြင့် နိဗ္ဗန်သို့ 
ရောက်နိုင် ၊ မရောက်နိုင် " အတွက်မေးသော မေးခွန်းဖြစ်သည်။
ဗုဒ္ဓက " မရောက်နိုင် "ဟု ရှင်းလင်းပြတ်သားစွာ မိန့် ကြားခဲ့ပါသည်။
သံကောင်းသော်လည်း မသွေးသော ဓားကဲ့သို့ ဖြစ်လေသည်။
မူလအရေးကြီးသော သံသည်လည်း ကောင်းရန်လိုပြီး ဓားထက်အောင် အမြဲသွေးပေးရန်လည်း လို အပ်ပါသည်။
စီးပွားရေး တက္ကသိုလ်မှ ကထိကများ ၊ ပါမောက္ခများသည် စီးပွားရေး၏ အခြေခံ အကြောင်းခြင်းရာတို့ အပြင် ကမ္ဘာ့ စီးပွားရေး အခြေအနေများကိုပင် စေ့ငုစွာ တက်ကျွမ်းကြသော်လည်း ကိုယ်တိုင်လုပ်ကိုင်သူများ မဟုတ်သဖြင့် လုပ်ငန်းရှင်များ ဖြစ်မနေကြခြင်းသည် မည်မျှ ကိုယ်တိုင် ကျင့်ကြံရန် လိုအပ်သည်ကို ပြဆိုနေသော ဥပမာဖြစ်ပေသည်။
အပြေးသမားတစ်ဦးကို နည်းစနစ်များ သင်ကြားပြသပေးသော နည်းပြဆရာသည် အကြောင်းတရားတို့ ကို ကျွမ်းကျင်သူဖြစ်သော်လည်း ကိုယ်တိုင် ပြေးလမ်းပေါ်သို့  ခြေချမည့်သူ မဟုတ်သဖြင့် ပန်းဝင် ဆုရရန် မဖြစ်နိုင်ပါချေ။ စနစ်လည်းသိ၊ လေ့ကျင့်မှုလည်းရှိ ၊ ကိုယ်တိုင်ပါဝင်သူလည်းဖြစ်ပါမှ အကျိုးတရား၏ သက်ရောက်မှုကို တစ်လုံးတစ်ဝ ခံစားနိုင်မည်ဖြစ်သည်။
အကျင့်ကောင်းခြင်းသည် အတ္တကို အခြေခံလေ့မရှိဘဲ အနတ္တဟူသော " ငါ " မရှိ အရည်အချင်းတစ်ပါးဖြစ်သည်။ အလုံးစုံသော လူအများအနေဖြင့် ထို အရည်အချင်း ရှိသင့်သည်မှန်သော်လည်း ဦးဆောင်သူများတွင်မှုအခြေခံအားဖြင့် ရှိကိုရှိသင့်သည့် အရည်အချင်းတစ်ခုဖြစ်သည်။
ဦးဆောင်သူများ ခေါင်းဆောင်မဖြစ်မီ အကောင်းကျင့်များများဖြင့် ကျင့်ဝတ်ကို လိုက်နာ ဖြည့်ဆည်းကျင့်ကြံပါမှ သန္ဓေတည်မြဲကာ အကျင့်ကောင်း အကျင့်မှန်များ ရလာမည်ဖြစ်ပါသည်။ တော်ခြင်း နောက်လိုက်များကို လမ်းမှန်ညွှန်ပြနိုင်ခြင်း စသည့် အရည်အချင်းများသည် ထပ်မံဖြည့်ရမည့် အရည်အသွေးများ ဖြစ်သည်။
ဦးဆောင်သူ အကျင့်မကောင်းလျှင် အတိတ်ကံပေး၍ နေရာရသော်လည်း ထိုနေရာတွင်မမြဲတက်ချေ၊ အဖွဲ့ အစည်းကြီးကြီးကို ဦးဆောင်ခဲ့ပါမှု သမိုင်းတစ်ရပ်လည်း ဖြစ်နိုင်ချိမ့်သည်။ အကျင့်ကောင်းခြင်းသည် ငါ အတွက် မဟုတ်သဖြင့် အဆန် သဘော ပါဝင်ပါသည်။
မိမိကြောင့် အများကို အကျိုးမယုတ်စေသဖြင့် ခြိုးခြံမှု၊ ခွင့်လွှတ်မှု ၊ အနစ်နာခံမှုများ ပါဝင်တက်ပါသည်။ လောကီလူသားဖြစ်သဖြင့် အလုံးစုံသော ကိလေသာ မကင်းသော်လည်း လူကျင့်ဝတ်ကောင်းများအပြင် လောကနှင့် အများ၏ လက်ခံနိုင်ဖွယ်ရာသော ဘ၀ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ငါ့ အတွက် ငါ့ ဖို့  ငါ့ဘ၀သာ ဆိုသည့် တစ်ဖက်သတ် အတွေးအခေါ်၊ တစ်လမ်းသွား အယူအဆများထက် အကောင်းကျင့်သူများနှင့် ဆန့် ကျင်ဘက်လားရာ ဖြစ်သည်။
လောကနှင့် ဆန့် ကျင်၍ လောကနှင့် လိုက်လျောညီထွေမှုမဖြစ်သော ကျင့်ဝတ်ဖြစ်သဖြင့် လောက၏ ဖယ်ကြည်ခြင်းကို မလွဲမသွေ ခံရမည် ဖြစ်ပါသည်။ ယနေ့ ကမ္ဘာက လက်မခံသော " Win -Lose"
အခြေအနေမျိုးဖြစ်သည်။
From : နေဇင်လတ် (လူသို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ)စာအုပ်မှ
No comments:
Post a Comment