Wednesday, December 24, 2008
India က ပီဆဲဗင်း ( 7 P s ) မူဖြင့် နိုင်ငံခြား အရင်းအနှီးတို့ ကို အပြင်းအထန် ဖိတ်ခေါ်ပုံ
ဒီ 7 Ps က Marketing က 7 Ps နဲ့ မတူပဲ နိုင်ငံဖွံ့ ဖြိုးတိုးတက်စေရာ အကြောင်းတွေဟု ကိုယ်တိုင်ခံစားမိတဲ့အတွက် ကျွန်မတို့ မြန်မာပြည်အတွက်ရော အသုံးချစရာ ဖြစ်လာနိုင်မလားဆိုပြီး ရေးလိုက်ခြင်းဖြစ်ပါတယ်။ P တစ်လုံးထဲက Power (လျှပ်စစ်မီးစွမ်းအင်) က ကျွန်မတို့ အတွက် သိပ်နည်းနေပြီလား။ အားလုံးဆင်ခြင်ကြည့်ရင် သူများအိမ်နီးချင်းနိုင်ငံနဲ့  ဘယ်လိုမှ ယှဉ်မရသေး India ကို လည်း မမှီ၊ တရုတ်နောက် လိုက်သာလိုက်တာ ကောင်းတာတွေအခုထက်ထိ ရအောင်မယူနိုင်သေး- လိုသေးတာ ကလေးတစ်ယောက်လိုပါပဲ ကိုယ်တိုင်ရော မြန်မာပြည်ရော-
7 Ps မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ People (လူထု) ဖြစ်သည်။
အင်ဂျင်နီယာကျောင်းတွေနဲ့ Technology ပညာရှင်တွေ ဘယ်လောက်ပေါများပုံကို
စာရင်းဇယားနှင့် ဖော်ပြသည်။
၂။ Power (လျှပ်စစ်မီးစွမ်းအင်) ဖြစ်သည်။
လျှပ်စစ်မီး မှန်မှန် ရ မရသည် ရင်းနှီးမြှုပ်နှံမှုတို့ ကို ဆွဲဆောင်ရာ၌ အဓိက
သော့ချက်ဖြစ်သည်ဟု ယူဆသည်။
၃။ Posts (ဆိပ်ကမ်းတို့ ) ဖြစ်သည်။
ဆိပ်ကမ်းတို့ ၏ အရည်အသွေးအပြင် ဆိပ်ကမ်းတို့ ၏ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မှု
(connectivity) တို့ ကိုလည်း ဖော်ပြသည်။
၎။ Parks (ပန်းခြံများ) ဖြစ်သည်။
စက်မှုဇုံ၊ သိပ္ပံဇုံ၊ Technology Zone တို့ ကိုဖော်ပြ သည်။ ကမ္ဘာ့ အဆင့်အတန်းမှီပုံတို့  ကို ရှင်းပြသည်။
၅။ Performance (လုပ်ဆောင်ချက်) တို့ ဖြစ်သည်။
လုပ်ဆောင်နိုင်ရည်အဆင့်အတန်း မြင့်ပုံတို့ ကို သရုပ်ဖော်ပြသည်။
ဥပမာ အမေရိကားမှ " နောက်အဖီ ရုံးခန်း ( Back Office) တို့ ကို အိန္ဒိယ
ပြည်နယ်များဆီသို့  ရွှေ့ ပြောင်းလာပုံတို့ ကို ဖော်ပြသည်။
၆။ Potential (စွမ်းရည်အလားအလာ)တို့ ဖြစ်သည်။
ဤအပိုင်း၌ ပုဂ္ဂလိကပိုင်း(Private) ၏ ဖွံဖြိုးတိုးတက်သောစွမ်းပကားတို့ ကို
မီးမောင်းထိုးပြသည်။ အမြတ်ကောင်း ရနိုင်ပုံ၊ Equity Participation ခေါ် နိုင်ငံခြား
ကုမ္ပဏီတို့ ၏အစုရှယ်ယာတို့ တွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူတို့ က 74 % အထိ
ပါဝင်နိုင်ခြေရှိပုံကိုလည်း ဖော်ပြသည်။
၇။ Political Will ( နိုင်ငံရေးအရ သန္နိဌာန် ပြ ဋ္ဌာန်းချက်) ဖြစ်သည်။
ခေတ်ရေစီးကြောင်း နှင့် အညီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုတို့ ကို
မလွဲမသေ ဖြစ်ထွန်းရန် ပိုင်းဖြတ်ပြီး ဖြစ်ပုံတို့ ကို ဖော်ပြသည်။
အိန္ဒိယက ဤ ပီ ၇လုံးမူဖြင့် နိုင်ငံခြား အရင်းအနှီးတို့ ကို အပြင်းအထန် ဖိတ်ခေါ်နေသည်။
Wednesday, October 29, 2008
This puzzle is called "Lateral Thinking"
Scroll down slowly and be honest to yourself.
Think like a wizard . . .
man
Q1. ---------
board
Ans. = man overboard
Okay, let's see if you've got the hang of it.
stand
Q2. ------------
i
Ans. = I understand
OK . . .
Got the drift ?
Let's try a few now and seehow you fare ?
Q3. /r/e/a/d/i/n/ g/
Ans. = reading between the lines
Q4. r
road
a
d
Ans. = cross road
Not having a good day now, are you ?Redeem yourself.
Q5. cycle
cycle
cycle
Ans. = tricycle
Not easy to figure out ha!
0
Q6. ---------
M.D.
Ph.D.
Ans. = two degrees below zero
C'mon give it a little thought! !
knee
Q7. ------------
light
Ans. = neon light
( knee - on - light )
U can prove u r smart by getting this one.
ground
Q8. ------------ ---
feet feet feet feet feet feet
Ans. = six feet underground
Oh no, not again ! !
Q9. he's X himself
Ans. = he's by himself
Now u messing up big time.
Q10. ecnalg
Ans. = backward glance
Not even close! !
Q11. death ..... life
Ans. = life after death
Okay last chance ............ ......
Q12. THINK
Ans. = think big ! !
And the last one is real fundoo - - -
Ans. = long time no 'C'




အကျင့်ကောင်းခြင်း Vs အကောင်းကျင့်ခြင်း
အကောင်းကျင့်ခြင်း မကောင်းကျင့်ခြင်းများသည် အကြောင်းတရား ဖြစ်ပါသည်။
အကြောင်းတရားကြောင့် အကျိုးတရားရရှိခြင်းကို အညမညသဘောအရ အားလုံးလက်ခံပြီးပြီဖြစ်သည်။
အသိရှိကြသော်လည်း အသုံးချမှု (Application) လိုက်နာဆောင်ရွက်ခြင်းမရှိပါက အလိုရှိသောဆန္ဒကို ဘယ်တော့မှရမည် မဟုတ်ပါချေ။
ဗုဒ္ဓလက်ထက်က အမေးတစ်ခု ရှိခဲ့ဖူးသည်။
" နိဗ္ဗန်သွားရာ လမ်းကြောင်းကို ခြွင်းချက်မရှိ သိရှိပြီးဖြစ်ကြောင်းနှင့် ထိုသို့  သိရှိရုံဖြင့် နိဗ္ဗန်သို့ 
ရောက်နိုင် ၊ မရောက်နိုင် " အတွက်မေးသော မေးခွန်းဖြစ်သည်။
ဗုဒ္ဓက " မရောက်နိုင် "ဟု ရှင်းလင်းပြတ်သားစွာ မိန့် ကြားခဲ့ပါသည်။
သံကောင်းသော်လည်း မသွေးသော ဓားကဲ့သို့ ဖြစ်လေသည်။
မူလအရေးကြီးသော သံသည်လည်း ကောင်းရန်လိုပြီး ဓားထက်အောင် အမြဲသွေးပေးရန်လည်း လို အပ်ပါသည်။
စီးပွားရေး တက္ကသိုလ်မှ ကထိကများ ၊ ပါမောက္ခများသည် စီးပွားရေး၏ အခြေခံ အကြောင်းခြင်းရာတို့ အပြင် ကမ္ဘာ့ စီးပွားရေး အခြေအနေများကိုပင် စေ့ငုစွာ တက်ကျွမ်းကြသော်လည်း ကိုယ်တိုင်လုပ်ကိုင်သူများ မဟုတ်သဖြင့် လုပ်ငန်းရှင်များ ဖြစ်မနေကြခြင်းသည် မည်မျှ ကိုယ်တိုင် ကျင့်ကြံရန် လိုအပ်သည်ကို ပြဆိုနေသော ဥပမာဖြစ်ပေသည်။
အပြေးသမားတစ်ဦးကို နည်းစနစ်များ သင်ကြားပြသပေးသော နည်းပြဆရာသည် အကြောင်းတရားတို့ ကို ကျွမ်းကျင်သူဖြစ်သော်လည်း ကိုယ်တိုင် ပြေးလမ်းပေါ်သို့  ခြေချမည့်သူ မဟုတ်သဖြင့် ပန်းဝင် ဆုရရန် မဖြစ်နိုင်ပါချေ။ စနစ်လည်းသိ၊ လေ့ကျင့်မှုလည်းရှိ ၊ ကိုယ်တိုင်ပါဝင်သူလည်းဖြစ်ပါမှ အကျိုးတရား၏ သက်ရောက်မှုကို တစ်လုံးတစ်ဝ ခံစားနိုင်မည်ဖြစ်သည်။
အကျင့်ကောင်းခြင်းသည် အတ္တကို အခြေခံလေ့မရှိဘဲ အနတ္တဟူသော " ငါ " မရှိ အရည်အချင်းတစ်ပါးဖြစ်သည်။ အလုံးစုံသော လူအများအနေဖြင့် ထို အရည်အချင်း ရှိသင့်သည်မှန်သော်လည်း ဦးဆောင်သူများတွင်မှုအခြေခံအားဖြင့် ရှိကိုရှိသင့်သည့် အရည်အချင်းတစ်ခုဖြစ်သည်။
ဦးဆောင်သူများ ခေါင်းဆောင်မဖြစ်မီ အကောင်းကျင့်များများဖြင့် ကျင့်ဝတ်ကို လိုက်နာ ဖြည့်ဆည်းကျင့်ကြံပါမှ သန္ဓေတည်မြဲကာ အကျင့်ကောင်း အကျင့်မှန်များ ရလာမည်ဖြစ်ပါသည်။ တော်ခြင်း နောက်လိုက်များကို လမ်းမှန်ညွှန်ပြနိုင်ခြင်း စသည့် အရည်အချင်းများသည် ထပ်မံဖြည့်ရမည့် အရည်အသွေးများ ဖြစ်သည်။
ဦးဆောင်သူ အကျင့်မကောင်းလျှင် အတိတ်ကံပေး၍ နေရာရသော်လည်း ထိုနေရာတွင်မမြဲတက်ချေ၊ အဖွဲ့ အစည်းကြီးကြီးကို ဦးဆောင်ခဲ့ပါမှု သမိုင်းတစ်ရပ်လည်း ဖြစ်နိုင်ချိမ့်သည်။ အကျင့်ကောင်းခြင်းသည် ငါ အတွက် မဟုတ်သဖြင့် အဆန် သဘော ပါဝင်ပါသည်။
မိမိကြောင့် အများကို အကျိုးမယုတ်စေသဖြင့် ခြိုးခြံမှု၊ ခွင့်လွှတ်မှု ၊ အနစ်နာခံမှုများ ပါဝင်တက်ပါသည်။ လောကီလူသားဖြစ်သဖြင့် အလုံးစုံသော ကိလေသာ မကင်းသော်လည်း လူကျင့်ဝတ်ကောင်းများအပြင် လောကနှင့် အများ၏ လက်ခံနိုင်ဖွယ်ရာသော ဘ၀ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ငါ့ အတွက် ငါ့ ဖို့  ငါ့ဘ၀သာ ဆိုသည့် တစ်ဖက်သတ် အတွေးအခေါ်၊ တစ်လမ်းသွား အယူအဆများထက် အကောင်းကျင့်သူများနှင့် ဆန့် ကျင်ဘက်လားရာ ဖြစ်သည်။
လောကနှင့် ဆန့် ကျင်၍ လောကနှင့် လိုက်လျောညီထွေမှုမဖြစ်သော ကျင့်ဝတ်ဖြစ်သဖြင့် လောက၏ ဖယ်ကြည်ခြင်းကို မလွဲမသွေ ခံရမည် ဖြစ်ပါသည်။ ယနေ့ ကမ္ဘာက လက်မခံသော " Win -Lose"
အခြေအနေမျိုးဖြစ်သည်။
From : နေဇင်လတ် (လူသို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ)စာအုပ်မှ
ဦးဆောင်ခြင်းသည် ခေါင်းဆောင်မဟုတ်
Written by နေဇင်လတ် | |
| |
ခေတ်သစ်စီမံခန့်ခွဲရေး (Modern Management) ပညာရပ်တွင် ရှေးယခင်ကလို ဦးဆောင်သူနှင့် ခေါင်းဆောင်သူကို အတူမထားတော့ဘဲ တိတိကျကျ ခွဲခြားပစ်လိုက်သည်။ ဦးဆောင်မှု ကို Leading ဦးဆောင်သူကို Leading Person ဟူသော အဆင့်ဖြင့်သာ ထားရှိပြီး ခေါင်းဆောင်ကိုမူကား Leader သူ၏ခေါင်းဆောင်မှုကို Leadership ဟု အတိအကျ အဓိပ္ပာယ်ဖော်ညွှန်း ခွဲခြားသတ်မှတ်လိုက်နိုင်ခဲ့သည်။ Leading နှင့် Leader သည် ယခင်က အမြွှာညီအစ် ကိုကဲ့သို့ ဆင်တူရိုးမှား ဖြစ်ခဲ့သော်လည်း ယခုအခါ ဇာတ်ဆောင်နှင့် ဇာတ်ပို့အဖြစ် အတိအကျ ကွဲကွာသွားကြချေပြီ။ အဖွဲ့အစည်းများကို လူတိုင်း ဦးဆောင်ကြသော်လည်း ခေါင်းဆောင် အစစ်မဟုတ်ကြချေ။ အိမ်ထောင်တစ်ခုတွင် ဖခင်သည် ဦးဆောင်သူဖြစ်သော်လည်း ဖခင်တိုင်းကား ခေါင်းဆောင်ကောင်း မဟုတ်ကြချေ။
“စား၊ ၀တ်၊ နေ၊ ရေး ပြေလည်အောင် ငါရှာပေးတာပဲ တာဝန်ကျေပြီ” ဟူသောဖခင်များ အများအပြား တွေ့ဖူးကြပေလိမ့်မည်။ ထိုဖခင်မျိုးသည် ဦးဆောင်သူအဖြစ်ကား မငြင်းလိုသော်လည်း ခေါင်းဆောင်အဖြစ်ကား အပြည့်အ၀ ထောက်ခံရန် မဖြစ်နိုင်ချေ။ တာဝန်နှင့်ဝတ္တရား နှစ်မျိုးလုံးကို ထမ်ဆောင်နိုင်ပြီး အနာဂတ်အတွက် အာမခံချက်ရှိသော ဦးဆောင်သူမျိုးသာ ခေါင်းဆောင်အစစ်အမှန် ဖြစ်သည်။ အဓိကကွဲပြားချက်မှာ ခေါင်းဆောင်များတွင် Commitment ဟူသော အာမခံချက်နဲ့ Result ဟူသော ရလဒ်က အရည်အချင်းတစ်ရပ်အဖြစ် ပါဝင်သည်။ ခေါင်းဆောင်သည် ရလဒ်အခြေပြု ဦးဆောင်သူ Result Oriented Leading ဖြစ်သည်။ ဦးဆောင်သူကား အလုပ်အခြေပြု Task Oriented Leading ဖြစ်သည်။ ရလဒ်အတွက် အာမမခံချေ။
ဦးဆောင်သူဖခင်ဘ၀မှ ခေါင်းဆောင်သူဖခင်ဘ၀သို့ ပြောင်းလဲလာနိုင်ရန် စား၊ ၀တ်၊ နေ၊ ရေးတည်းဟူသော အရေး ၃ ပါးသည် ယခုခေတ်တွင် မလုံလောက်တော့ချေ။ ကောင်းစွာ ပညာ သင်ကြား ပေးနိုင်မှု၊ ကျန်းမာရေး၊ လူမှုရေး၊ ဘ၀အာမခံချက်၊ ထောက်ပံ့မှု စသော အခြားအရေးကြီးငယ်များစွာ ပါဝင်လာမှ ခေါင်းဆောင်ဖြစ်သော ဖခင် ဖြစ်လာပေမည်။
ဈေးကွက်စီးပွားရေး အင်္ဂါမစုံသေးသော မြန်မာ့စီးပွားရေးလောကတွင် အဖွဲ့အစည်းတစ်ခုကို ရှေ့မှ အမိန့်ပေးနေသော သူအား ဦးဆောင် သူလား၊ ခေါင်းဆောင်အရည်အချင်း ပြည့်စုံသော သူလားဟူသည်ကို ခွဲခြားသိနိုင်သော အတတ်ပညာရှိပါမှ ကိုယ့်အလှည့်ကျ ခေါင်းဆောင်၏ အရည် အချင်းများကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ လုပ်ငန်းတိုးချဲ့ခြင်းဖြင့် ကြီးပွားသည်ဟု မြင်သာသော်လည်း နှစ်ချုပ်၍ (ရသင့်သော) အကျိုးအမြတ်မရလျှင် အရည်အချင်း ပျက်ယွင်းသည်။ လုပ်ငန်းလည်းတိုးတက်၊ အကျိုးအမြတ်လည်းရသော်ငြား အဖွဲ့အစည်းအရည်အသွေးကို တိုးတက်အောင် မစွမ်းဆောင်နိုင်ပါကလည်း ခေါင်းဆောင်ကောင်းဟုယူဆ၍မရ၊ များသောအားဖြင့် စာရွက်ပေါ်မှ အပေါင်းလက္ခဏာပြသော ကိန်းဂဏန်းတို့တွင်သာ ဦးဆောင်သူအများစုက ကျေနပ်နှစ်သိမ့်တတ်ကြသည်ကို သတိထားမိသည်။ အဖွဲ့အစည်းတွင်းပါဝင်သူများ အရည်အသွေး အမြဲတိုးတက်ပါမှ နောင်အနာဂတ်တွင်လည်း ယှဉ်ပြိုင်နိုင်မည်ကို မေ့လျော့တတ်သည်။
ခေတ်သည် လှည်းခေတ်၊ လှေခေတ် မဟုတ်တော့။ အစွမ်းထက်သော နည်းပညာချင်း စီးချင်းထိုးသော ခေတ်ဖြစ်လာခဲ့ချေပြီ။ ခေါင်းဆောင်ပိုင်းကလည်း သိမ်မွေ့ထက်မြက်သော မဟာဗျူဟာချင်း ပြိုင်ဆိုင်နေရသော ခေတ်ဖြစ်လာချေပြီ။ ခေတ်နှင့် အသားတကျမရှိပါက ခေတ်ကို မျက်ခြည်ပြတ်ပါက ခေါင်းဆောင်ကောင်းဖြစ်မည် မဟုတ်။ ကိုယ့်နေရာ၊ ကိုယ့်အဖွဲ့ အစည်းကလေးမျှကိုသာ ဦးဆောင်သူ ဖြစ်ချေမည်။ Globalization ဆိုသည်မှာ ကမ္ဘာဆန်ခြင်းဟူသော အဓိပ္ပာယ်ရပြီး ကမ္ဘာ့စံနှုန်းများကို လိုက်ပါနိုင်ပါမှ ရှင်သန်မှုနှင့် တိုးတက်မှုကို ရနိုင်မည် ဖြစ်သည်။ ယနေ့အပြောများသော IT သည် ကမ္ဘာဆန်မှုမှ ၀ိသေသတစ်ခုဖြစ်ပြီး အင်တာနက်ခေတ်တွင် ခြေလျင်ခရီးဖြင့် စာပို့၍ ခရီးမရောက်နိုင်တော့ချေ။ IT ၏ ကျေးဇူးကြောင့် ကမ္ဘာ့နယ်နိမိတ်များ၊ ကျဉ်းမြောင်းလာကြပြီး World if Flat ဟူသော ကမ္ဘာပြားသွားပြီဟု တင်စားလာကြသည်။ ကမ္ဘာကြီးသည် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း မရှိတော့။ ယဉ်ကျေးမှုမှတစ်ပါး အရှေ့အနောက် ဟူ၍လည်း မရှိတော့ချေ။ ဤသို့သော အခြေအနေမျိုးတွင် ဦးဆောင်သူတို့ တစ်သားတည်း လိုက်ပါနိုင်မည်လား၊ မေးရန်မေးခွန်း ဖြစ်လာ၏။ အဖြေက မသေချာ၊ ခေါင်းဆောင်တွေရော ခေါင်းညိတ်တစ်ဝက်သာ ဖြစ်သည်။ ရလဒ်ကို အာမခံသော ခေါင်းဆောင်တို့တွင်ပင် ရလဒ်မည်မျှ ကောင်းကောင်းရနိုင်မည် ဟူသော ဒုတိယအမေးကို ရင်ဆိုင်ရန် ရှိပါသေးသည်။ ခေါင်းဆောင်တို့ပင် ထပ်မံမဆည်းပူးဘဲ ရပ်တန့်လျှင် နောက် တစ်လှမ်းချင်း ဆုတ်သွားရမည်ဖြစ်ရာ ဦးဆောင်သူတို့အတွက် နေရာ များများ စားစားကျန်မည် မဟုတ်ချေ။
ဤတွင် ထိရောက်သော ခေါင်းဆောင်များ ပေါ်လာတော့သည်။ စွမ်းရည်ထက်မြက်၍ ခေတ်နှင့် စနစ်ကို နိုင်နင်းသော ခေါင်းဆောင်ကောင်းများ ဖြစ်သည်။ လိုအပ်လျှင် ပြောင်းလဲနိုင်သော Transformational Leader များ ဖြစ်သည်။ Result based Leader လည်းဖြစ်သည်။ လုပ် အခြေပြု Tased based Leader ဖြစ်သော စွန့်ဦးတီထွင်သူ ခေါင်းဆောင် (Enterpreneurial Leader) များပင် နေရာမရှိချင်တော့။ စွန့်ဦးတီထွင်မှု အရည်အချင်းတစ်မျိုးတည်းကို အားကိုးမရဟု ဆိုလိုခြင်း ဖြစ်သည်။ ခေါင်း ဆောင်ကောင်းတို့တွင် Enterpreneurial Spirit ဟူသော တီထွင်လိုစိတ်တော့ အခြေခံအားဖြင့် ပါဝင်ရပေမည်။
ခေါင်းဆောင်မှုကို Alan Keith က “Leadership is ultimately about creating a way for people to contribute to making something extraordinary happen” ဟု လိုတိုရှင်း အဓိပ္ပာယ်ဖော်ခဲ့သည်။ ခေါင်းဆောင်မှုဟူသည် အများ ပြည်သူကို သာမန်ထက်ပိုသော ဖြစ်ရပ်များပေးအပ်နိုင်ရန် အမြင့်ဆုံးလမ်း ကြောင်းတစ်ခု ဖန်တီးပေးခြင်းဟု နားလည်နိုင်သည်။ ခေါင်းဆောင်သည် အများကို ညွှန်ပြရာဖြစ်သည်။ နောက် လိုက်များ၏ အရည်အသွေးကို ဖြည့် ဆည်းပေးပြီး မိမိ၏ ကိုယ်ရည်ကိုယ်သွေးကိုလည်း အမြဲတစေ ထက်မြက်နေစေရန် ကြိုးစားသူလည်း ဖြစ်သည်။ မဟာဗျူဟာရေးဆွဲသူဖြစ်ပြီး နောက်ပါ တို့ကို လိုအပ်သော ပုံသွင်းနိုင်သူလည်း ဖြစ်သည်။
လူတော်များသာ မှန်ကန်သော ခေါင်းဆောင်များဖြစ်ခွင့်ရှိပြီး လူညံ့များကား ဦးဆောင်သူ ဖြစ်နိုင်ကြသည်။ အဖေက ငွေရှိ၍ တည်ထောင်ခဲ့သောကုမ္ပဏီတွင် သားက အရည်အချင်း မပြည့်ဝသော်လည်း ဦးဆောင်သူတော့ ဖြစ်နိုင်ပါသေးသည်။ ခေါင်းဆောင်ကား ဖြစ်မည်မဟုတ်ချေ။
နိုင်ငံများ၏ ECO ဟူသော ခေါင်းဆောင်များ၏ သက်တမ်းကို သုတေသီတို့က သုတေသနပြုကြ၏။ အချို့ပျမ်းမျှ သက်တမ်း ၅ နှစ်မျှရှိ၍ အချို့နိုင်ငံများ၌ နှစ်နှစ်သာ ကြာညောင်းတတ်သည်။ သူတို့ဆီမှ ကုမ္ပဏီများသည် Multinational ဟူသော နိုင်ငံတကာကုမ္ပဏီကြီး များဖြစ်၍ ခေါင်းဆောင်များကို လစာကောင်းကောင်းပေး၍ ငှားရမ်းကြသည်။ သက်တမ်းရှည်ကြာသူ အလွန်ရှားပါးသည်ကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦးသည် ယနေ့တော် သော်လည်း သူ့ထက်တော်သောသူများ ပေါ်လာသောအခါ နေရာဖယ်ပေးရသည့်သဘောကို တွေ့နိုင်ပေမည်။ ကုမ္ပဏီအဖွဲ့အစည်းများ၏ အနာဂတ် အကျိုးကို မျှော်ကိုးကြည့်ရှုကြသည် ဖြစ်ရာ ခေါင်းဆောင်များအလွယ်တကူ သူတို့နေရာကို ၀မ်းသာအယ်လဲ ဖယ်ပေးတတ်ခြင်းသည် မထူးဆန်းသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ အရှေ့တိုင်းသားတို့တွင် အနည်းငယ်မျှသော နိုင်ငံမှ တစ်ပါး အများစုမှာ ဤယဉ်ကျေးမှု မရတတ်ကြသေးချေ။
ခေါင်းဆောင်ကောင်းရနိုင်ရန် နောက်လိုက်တို့ကလည်း ထိုက်သင့်သော အရည်အချင်းရှိရန် လိုသည်။ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းကိုလည်း သိထားသင့်သည်။ ဘာဖြစ် ဖြစ်လက်ခံတတ်သော နောက်လိုက်တို့သည် ခေါင်းဆောင်ကောင်း မရတတ်ချေ။ အနောက်နိုင်ငံက အရှေ့ထက် သာသည့် အချက်တစ်ချက်မှာ သူတို့ ခေါင်းဆောင်ကို ဝေဖန်သုံးသပ်နိုင်ကြသော အရည်အချင်းပင်ဖြစ်သည်။ ခေါင်းဆောင်သည် လိမ်ညာဖြီးဖြန်း၍ တော်ရိလျော်ရိလုပ်၍မရ၊ လုပ်ခဲ့သမျှတို့ကို သုတသီတို့က မှတ်တမ်းတင်ထားတတ်ကြသည်။
အဆက်ဆက်တွင် တာဝန်ထမ်း ဆောင်လာကြသော အမေရိကန်သမ္မတ များ၏ အရည်အချင်းကို “စံနှုန်း” ဟူသောဘောင်ထဲထည့်သည့်အခါ
(6) Best Presidents (1) George Washington (2) Abraham Linconn (3) Franklin Roosvett (4) Thomas Jefferson (5) Theodore Roosevett (6) Ronald Reagan
(5) Worst Presidents (1) Herbert Hooven (2) Richard Nixon (3) Zachary Taylor (4) Jimmy Carter (5) John Tyler
Great Presidents (1) George Washington (2) Abraham Linconn (3) Franklin Roosvett
Failure (1) Millard Fillmore (2) Andrew (3) Franklin Pierce
အတော်ဆုံး သမ္မတများတွင် သည်ဘက်ခေတ်မှ Ronald Reagan တစ်ဦးသာ ပါဝင်သည်။ အညံ့ဆုံး သမ္မတများတွင်မူ သည်ဘက်ခေတ်က သမ္မတနှစ်ဦး ပါဝင်သည်။ Nixon နှင့် Jimmy Carter တို့ဖြစ်သည်။ Nixon က Water Gate အရေးတော်ပုံဖြင့် နှုတ်ထွက်ပေးလိုက်ရပြီး Jimmy Carter လက်ထက်တွင် မူဝါဒမှားယွင်းမှုကြောင့် အာကသသမိုင်းတွင် ရုရုားတို့က အမေရိကန်ထက် နှာတစ်ဖျား သာသွားခဲ့ဖူးသည်။
သူတို့၏ သုံးသပ်ချက်တွင် ကြီးကျယ်သော Great သမ္မတများကို ရွေးချယ်ထုတ်ပြန်သည့်အပြင် သမ္မတ အရည်အချင်း မမီသူများကိုလည်း စာရင်းပြုစု၍ ထုတ်ပြန်ပါသေးသည်။
ဤသို့တုံ့ပြန်နိုင်မှုကြောင့် တိုး တက်သည်မှာ မဆန်းလှပေ။ ခေါင်းဆောင်ကောင်းတို့သည် နောက်လိုက်တို့ကို ပြုပြင်ရ၏။ ပြင်ပ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ မြို့ရွာ၊ အစုအဖွဲ့တို့၏ စည်ပင်ဝပြောမှုကိုလည်း ဆောင်ရွက်ရသည်။ အနာဂတ်ကိုလည်း အာမခံချက် ပေးရသည်။ ဥပဒေကိုလည်း လေးစားလိုက်နာရသည်။ အများကို ရင်ဝယ်သားကဲ့သို့လည်း သဘောထားရသည်။ ခေါင်းဆောင်ဖြစ်လျှင် ကိုယ့်အတွက် ဘာမှမရှိ၊ ကိုယ့်အတွက် သူတို့လုပ်နေကြသည် မဟုတ်တော့ဘဲ သူတို့အတွက် ကိုယ်လုပ်နေရခြင်းသာ ဖြစ်လာ၏။
ထိုသို့ဆောင်ရွက်ရန် အတွင်းပြုပြင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်ရသည်။ အတွင်းပြုပြင်ပြောင်းလဲမှုကပို၍ ခက်ခဲသည်။ မိမိ၏ ခံယူချက်၊ အတွေးအခေါ်၊ အနာဂတ်အမြင် စသော စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်တို့ကို ခေါင်းဆောင်တစ်ဦး အရည်အချင်းမီရန် ပြုပြင်ရသည်။ အခြားအတတ်ပညာ၊၊ အသိပညာတို့ကိုလည်း ဆည်းပူးရသည်။ ထို့ပြင် ခေါင်းဆောင်တစ်ဦးသည် အရာ အားလုံးကို မသိနိုင်၊ သိရန်လည်း မဖြစ်နိုင်။ လူတော်တို့ကို သုံးစွဲရဲသော သတ္တိလည်း ရှိရချေသည်။ ဆန့်ကျင်ဘက် စကား၊ အကြံဥာဏ်ဖြစ်ပါက ချင့်ချိန်၍ မျှတစွာ ဆုံးဖြတ်ရသည်။ အဆုံး အဖြတ်မှန်ကန်ရန် ပညာရှိရပေမည်။ဦးဆောင်သူဖြစ်ရန်ကား မခက်ခဲသော်လည်း မှန်ကန်သော ခေါင်းဆောင်ဖြစ်ရန်ကား မလွယ်ကူချေ။ နေဇင်လတ် |
ယုံကြည်မှုအပေါ် နားလည်ခြင်း
( Written by နေဇင်လတ် ) | |
| |
ယုံကြည်မှုနည်းခြင်း (Low Trust) တွင် သံသယပမာဏများ၍ ယုံကြည်မှုမြင့်မားခြင်း (High Trust) တွင် သံသယတို့ အတော်ပါးလျားသွားသည်ကို တွေ့ရမည်။ ယုံကြည်မှုသည် တစ်ဦးချင်းမှာသော်လည်းကောင်း မိသားစုအတွင်းမှာသော်လည်းကောင်း အရေးကြီးသောကဏ္ဍမှာ ရှိသည်။ ကိုယ့်ကိုယ်ကို မယုံကြည်သောသူတစ်ဦးအတွက် ယုံကြည်ကိုးစားမှု (Confidence) ရှိမည်မဟုတ်ချေ၊ ငွေကို မထိန်းနိုင်သော၊ အပျော်အပါးကို မထိန်းနိုင်သောသူတစ်ဦးသည် ငွေများများ၊ အပျော်အပါး များများရှိသော လုပ်ငန်းကို လုပ်ရန် ယုံကြည်စိတ်ချရမှု (Confidence) အပြည့်အ၀ရမည် မဟုတ်ချေ။ ယုံကြည်မှုအခြေခံနောင်ရိုး ကိုယ့်ထက်အင်အား ၈ ဆသာသော ရန်သူကို အောင်ပွဲရသည်အထိ တိုက်နိုင်ခဲ့သော ဘုရင့်နောင်၏ နောင်ရိုး တိုက်ပွဲမှာ ခေါင်းဆောင်နှင့်နောက်လိုက် အပြန်ပြန်အလှန်လှန် ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ အပြန်ပြန်အလှန်လှန် နားလည်မှု (Mutual Understanding) မှ အခြေခံသောရလဒ်က အပေါ်အောက် Trust ကို ရရှိစေပါသည်။ ယုံကြည်မှုမှတစ်ဆင့် အသီးအပွင့်က ယုံကြည် စိတ်ချမှုဟုခေါ်သော Confidence ကို ပေးသဖြင့် ၄င်းက အင်အားများဖြစ်စေကာ တိုက်ပွဲကို အောင်နိုင်ခြင်း ဖြစ်သည်။ တိုက်စစ်-ခံစစ်သဘောတရားဖြင့် တွက်ပါက အမှန်အင်အား (၂၄) ဆကွာသော တိုက်ပွဲသည် ဘုရင့်နောင်၏ ဦးဆောင်မှုကောင်း၊ ခေါင်းဆောင်ကောင်း အရည်အချင်းပေါ်များစွာ မူတည်ပြီး ခေါင်းဆောင်၏ အရည် အချင်းကြောင့် Trust ရရှိလာ ကြခြင်း ဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီး နန်းတက်စ ဥဿာပဲခူး ရွှေမော်ဓောတွင် နားထွင်းမင်္ဂလာ ဆောင်ရွက်နိုင်ကြခြင်းမှာ တပင်ရွှေထီး၊ ဘုရင့်နောင်၊ လူစွမ်း ကောင်းစစ်သည်အတွင်း Multi-Trust ရသောကြောင့် ဖြစ်သည်။ ထိုယုံကြည်မှုမှ တိုက်စွမ်းရည်အပေါ် ကိုးစားမှု Confidence ရပြီး ရန်သူ့နယ်တွင် လူ နည်းနည်းနှင့် လာရောက်နားထွင်းနိုင်ခဲ့ ခြင်း ဖြစ်သည်။ ယုံကြည်မှုကို သာမာန် ဟုမမြင်သင့်ဘဲ ထိုမှပေးသော အကျိုးဆက် သက်ရောက်မှုများကို မြင်နိုင်လျှင် မည်မျှတန်ဖိုး ကြီးသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ယုံကြည်မှုနည်းပါး Low Trust တွင် ယုံကြည်မှုနည်းပါးသဖြင့် သံသယတို့ များပြားသည်၊ အပြန်အလှန် ပြည့်ဝသောယုံကြည်မှု (Absolute Mutual Trust) မရ၊ ယင်း အတွက် အဖိုးစားနားသည် အနုတ်လက္ခဏာဆောင်သည်။ ဤသက်ရောက်မှုသည် အရေးအရာအားလုံးနှင့် သက်ဆိုင်သည်၊ လူမှုရေး (Social), စီးပွားရေး (Economy), နိုင်ငံရေး (Politics) စသည်တို့အားလုံးတွင် အကျုံးဝင်ပါသည်။ ယုံကြည်မှုနည်းပါး၍ လူမှုရေးအသင်းအဖွဲ့များ မပီမပြင်ဖြစ်ကြရသည်ကို တွေ့နိုင်သည်။ Social သို့မဟုတ် ကောင်းသောရလဒ်များကို မစွမ်းဆောင်နိုင်သော လူမှုရေးအသင်းအဖွဲ့များ အဖြစ်သာ တွေ့ရပါမည်။ စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းဟူသော (Colla-boration, Co-operation) အတိုင်းအတာမျိုးအထိ မလုပ်နိုင်ရခြင်းမှာ ယုံကြည်မှု နည်းပါးခြင်း (Low Trust) ကြောင့်ဖြစ်သည်။ အနောက်နိုင်ငံများတွင် ပူးပေါင်းမှု (Merger & Acqusition) များပြားခြင်းမှာ High Trust Community ဟူသော ယုံကြည်မှု မြင့်မားသည့် လူမှုအဖွဲ့အစည်းကြောင့် ဖြစ်သည်။ အရှေ့တိုင်းနိုင်ငံများသည် များသောအားဖြင့် Low Trust Countries ဖြစ်နေကြ ရခြင်းမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုနည်းပါးခြင်းကြောင့် ဖြစ် သည်။ ထို့ကြောင့် MNC (Multinational Corporation) များ အထွက်နည်းခြင်း ဖြစ်သည်။ စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်ကိုင်ပါက နိုင်ငံတကာဘဏ်များနှင့် ခပ်ခွာ ခွာနေ၍ မရပါ။ ထိုအခါ Trust သည် မည်မျှတန်ဖိုးကြီးသည်ကို တွေ့နိုင်လာပါ သည်။ နိုင်ငံတကာဘဏ်များတွင် High Risk / Low Risk Countries ဟူသော စာရင်းရှိပါသည်။ ယုံကြည်မှုနည်းပါးသော Low Trust နိုင်ငံများမှာHigh Risk စာရင်းထဲပါဝင်ပြီး High Trust နိုင်ငံများကိုLow Risk စာရင်းထဲမှာ ဂုဏ်သရေရှိစွာ တွေ့ရပါမည်။ ဘဏ်များက High Trust - Low Risk နိုင်ငံ များကိုသာ အလွယ်တကူ ငွေချေးငှားလိုကြပါသည်။ Low Trust - High Risk နိုင်ငံများကိုမူ ဘဏ်တိုင်းက မချေးငှားလိုကြ။ အဆက်အဆံရှိခဲ့ဖူးလျှင်တောင်မှ လုပ်ထုံးလုပ်နည်း ပို၍ ရှည်လျားသည်၊ ဘဏ်အတိုးနှုန်းပိုသည်။ မာစီဒီး၊ တိုယိုတာကားတို့ အရောင်းကောင်းရခြင်း အကြောင်းတစ်ခုမှာ Highly Trusted ဖြစ်သောကြောင့် ဖြစ်သည်။ အရည်အသွေးနှင့် ပတ်သက်လျှင် သုံးစွဲသူတို့ ယုံကြည်စိတ်ချရသောကြောင့် ဖြစ်သည်။ Ritz Calton ဟိုတယ် ဈေးကြီးသော်လည်း တည်းခိုသူများရခြင်းမှာ နှစ်ပေါင်းများစွာ စောင့်ထိန်းလာသော သူ၏၀န်ဆောင်မှုအပေါ် စိတ်ချရခြင်းကြောင့် ဖြစ်သည်။ အခန်းတွင်းအသုံးအဆောင် ရုပ်ဝတ္ထုအားဖြင့် အခြားကြယ်ငါးပွင့် ဟိုတယ်များနှင့် သိပ်ထူးခြားသည် မဟုတ်။ ယုံကြည်မှုမြင့်မား ယုံကြည်မှုမြင့်မားလျှင် ပူးပေါင်း၍ရသည်။ သို့မဟုတ် လွယ်ကူသည်။ အကျိုးဆက်အားဖြင့် အပေါင်းလက္ခဏာဘက် ဦးတည်ပါသည်။ Bill Gates, Warren Buffelt တို့၏ အတိတ်ကာလ လုပ်ဆောင်ချက်များ ကောင်းမွန်သဖြင့် သူတို့ ပမာဏများပြားစွာ ချေးယူခြင်းအတွက် ဘဏ်တွေက အလုအယက် ထုတ်ချေးလိုကြသည်။ ၁၉၉၇ အာရှစီးပွားရေးကပ် ဖြစ် စဉ် Low Trust Countries များ နာလံထမှု နှေးကွေးသည်ကို လေ့လာခြင်းအားဖြင့် ယုံကြည်မှု၏တန်ဖိုးကို အတော်အတန် နားလည်နိုင်ပါလိမ့် မည်။ ထိုစီးပွားရေးတွင် IMF, World Bank တို့မှ ဆင်း၍ အကူအညီပေးရသည်။ အလကားတော့ မကူညီ၊ သူတို့ Guide Line ဖြင့် ဆေးခါးကြီးသောက်သလို လိုက်နာကြရသည်။ ထိုစဉ် အရှေ့ တောင်အာရှနိုင်ငံ အားလုံးလိုလို ထောက်ပံ့မှုများ အနည်း အများ လိုအပ်ချိန်ဖြစ်သည်။ Malaysia က တစ်ဘာသာ၊ IMF, World Bank တို့မှ လိုက်နာရန် စည်းကမ်းချက်များ သူ့နိုင်ငံအတွက် မသင့်လျော်ဟု ယူဆသဖြင့် ၀န်ကြီးချုပ် မဟာသီယာက လက်မခံ၊ တိုင်းပြည်ကို မည်သို့သော အစီအမံများဖြင့် ပြန်လည် ကယ်တင်မည်ဟု ကြေညာလိုက်သည်။ မဟာသီယာဆိုသူ၏ စရိုက်သည် ခပ်ကြမ်းကြမ်းပြောတတ်သော်လည်း ပြောသလိုလုပ်တတ်သူအဖြစ် ခေါင်းဆောင်များအလယ်တွင် နာမည်ရထား သူ ဖြစ်သည်၊ သူ့အပေါ် သူ့ပြည်သူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက High Trust ဖြစ်သဖြင့် အစောဆုံး Recovery ပြန်ရခဲ့ခြင်းကို ပြန်ပြောင်းသတိရလျှင် Trust တန်ဖိုးအတိုင်းအတာကို ခန့်မှန်း နိုင်ပါလိမ့်မည်။ တုံ့ပြန်မှုမြန် ခေတ်သစ်သို့ ပို၍ ချဉ်းနင်းဝင် ရောက်လာလေ "ယုံကြည်မှု" အပေါ် ပို၍အလေးထားလာလေ သက်ရောက်မှု ပို၍ ကြီးမားလာပြီး တုန့်ပြန်မှုမြန် လေဖြစ်လာပါသည်။ တုန့်ပြန်မှုသည် ဤမျှမြန်ဆန်ပါသည်။ Apple ၏ အရှင်သခင် Steve Jobs က iPod ကိုထုတ်ပြီး iPhone များ ဈေးကွက်တင်မည်ဟု ကြေညာသည့်ခဏ Apple ၏ ရှယ်ယာဈေးကွက်များ တစ်မုဟုတ်ချင်း တက်သွား ခြင်းကိုကြည့်လျှင် အများက Steve ၏ အရည်အသွေးအပေါ် မည်မျှယုံကြည် ကိုးစားသည်ကို တွေ့နိုင်သည်။ ဤတုံ့ ပြန်မှုသည် မည်မျှမြန်ဆန်သနည်းဟု ဆိုသော် Steve သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်အတွင်းမှာပင် ရှယ်ယာဈေးများ ခုန်တက်သွားသည်။ Building Trust ယုံကြည်မှုတည်ဆောက်သည်ဟု နားလည်ထားသည်။ Trust သည် ယခုအခါ လူမှုအရင်းအမြစ် (Social Capital)၊ လူသားအရင်းအမြစ် (Human Capital)၊ နိုင်ငံရေးအရင်း အမြစ် (Political Capital) များတွင်မှာပါ အတိုင်းအတာကြီးမားစွာ နေရာယူလာပြီ ဖြစ်သည်။ ယုံကြည်မှု၏ တန်ဖိုးနှင့် သက်ရောက်အားကို ပို၍နားလည် ကြလာသည် ဟုယူဆရ၏။ ယုံကြည်မှု တည်ဆောက်ရန် အကြောင်းအရာများစွာရှိသော်လည်း အခြေခံသည် နားလည်မှု (Under-standing) ဖြစ်သည်၊ နားလည်မှုသည် တစ်ဖက်သတ်နားလည်မှုဖြင့် တည်ဆောက်၍မရ၊ အပြန်အလှန် နားလည်မှု (Mutual Understanding) ဖြင့်သာ တည်ဆောက်ရယူနိုင်သည်။ အကွာ အဟ (Differences) များ၊ အယူအဆ (Conceptual) များကို တတ်နိုင် သလောက် ညှိနှိုင်း၊ အလျှော့အတင်း လုပ်ယူရသည်။ ရည်မှန်းချက် (Mission) ၊ အနာဂတ်အမြင် (Vision)များတူလျှင် အခြားအရာများကို သာမာန်အချင်း အရာ (Minor Issues) များအဖြစ် သဘောထားနိုင်ဖို့ လိုသည်။ Assertive ဖြစ်လွန်းလျှင် အခက်အခဲရှိနှိုင်သည်၊ Position ဟူသော ဋ္ဌာနန္တရများကို ခေတ္တမေ့ထားပြီး ရလဒ်ကောင်း (Good Result) ကို ဦးတည်ထားရန် လိုသည်။ Cooperativeness ဟူသော ပူးပေါင်းလိုမှုကို ပြသရန်လိုသည်။ Self Interest ဟူသော ကိုယ်ကျိုးစီးပွားကို ဖယ်ရှားနိုင်လျှင် ယုံကြည်မှုတည်ဆောက်ခြင်း တစ်ဝက်မကပြီးသည်။ မည်သည့်အရာမျှ ခြောက်ပစ် ကင်းသည်ဟူ၍ မရှိ၊ အကောင်းဆုံး လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မိသားစု အတွင်းဖြစ်လျှင် Family Interest ကို အန္တိမ ထားက မိသားစု တွင်းပြေလည်၍ ကုမ္ပဏီအဆင့်ဖြစ်လျှင် Company Interest ကို ပန်းတိုင်အဖြစ် ထားရန်လိုသည်။ အမျိုးသားအဆင့် ထိဖြစ်လျှင် National Interest အဖြစ် ရည်မှန်းချက်ထားရန် ဖြစ်သည်။ ဒေသအဆင့်ညှိနှိုင်းမှုတွင် National Interest ကို ရှေ့တန်းတင်လွန်းပါက မအောင်မြင်နိုင်သလို National Level တွင်လည်း Family. Personal Interest ကို ရှေ့တန်းထားလွန်းပါက အောင်မြင်နိုင်မည်မဟုတ်၊ Under-standing ဟူသော နားလည်မှု မရသမျှ ကာလပတ်လုံး ယုံကြည်မှုဟူသော Trust ကိုလည်း ရနိုင်မည် မဟုတ်ပါ။ ဘယ်သူတွေတာဝန်ရှိသလဲ မိသားစုအဆင့်တွင် အိမ်ထောင်ဦး စီးက တာဝန်ခံရပါသည်။ ကုမ္ပဏီ အဆင့်တွင် ဦးဆောင်သူက တာဝန်ခံ ရပါသည်။ အဖွဲ့အစည်းများတွင် အဖွဲ့ အစည်းတို့ကို ဦးဆောင်သူများက တာ ၀န်ခံရပါသည်။ ခေါင်းဆောင်များတွင် ခေါင်းဆောင်မှုအရည်အသွေးတို့ အရေးကြီးလာပါသည်။ အမြင်ကျယ်မှု၊ သဘောထားကြီးမှု၊ အဆင်အခြင် ကောင်းမှု၊ အနာဂတ်ကို မြင်နိုင်မှုများက အဆုံးအဖြတ်ပေးပါသည်။ - နှစ်ဦးလုံးညံ့လျှင် ယုံကြည်မှု တည်ဆောက်၍မရပါ၊ - တစ်ဦးတော်၊ တစ်ဦးညံ့လျှင် လည်း ပန်းတိုင်မရောက်ပါ၊ - နှစ်ဦးတော်မှသာ ယုံကြည်မှု တည်ဆောက်ရယူနိုင်ပါသည်။ ခေါင်းဆောင်တိုင်း လူတော်များ မဟုတ်နိုင်ကြပါ၊ တစ်ဦးနှင့်တစ်ဦး ကိုယ်ရည်ကိုယ်သွေး (Personality) ကွာခြားနိုင်ပါသည်။ တစ်ခါတစ်ရံ တန်းညှိရနိုင်ပြီး တစ်ခါတစ်ရံ တန်း ညှိမရနိုင်ပါ။ စနစ်ကောင်းတည်ထောင် စနစ်ကောင်းသည် တစ်ဦးချင်းမှာ ရော၊ အဖွဲ့အစည်းမှာရော၊ နိုင်ငံအဆင့် ထိမှာရော လိုအပ်သော အရေးကြီး အရည်အချင်းတစ်ပါး ဖြစ်သည်။ စနစ်သည် သက်မဲ့အရာဖြစ်သော်လည်း စနစ်ကို မနိုင်လျှင် လူများပျက်စီးရသည်။ ကြိုးစား သမျှ အရာမထင်နိုင်။ သက်မဲ့ကို ဖန်တီးသောလူက System ကိုနိုင် သင့်သည်။ အတွေ့အကြုံအရ လူမျိုးများစွာတွင် ဂျာမနီ၊ အစ္စရေး၊ ဆွစ်လူမျိုးများ ကို ကိုယ်ရည်ကိုယ်သွေးအားဖြင့် အလေးစားဆုံး ဖြစ်ပါသည်။ အမေရိကန်လူမျိုးများကို ထိပ်တန်း ကိုယ် ရည်ကိုယ်သွေးကောင်းသူများအဖြစ် ထည့်မထား။ သို့သော် အမေရိကန်ကို ယနေ့အထိ အခြားလူမျိုးများ မမီကြရခြင်းမှာ "စနစ်"ကြောင့် ဖြစ်သည်၊ စနစ်၏ ချီမ၊ ပံ့ပိုးမှုကြောင့် လုပ်အား ထက်သာလွန်သော အကျိုးတို့ကို ရရှိ နေကြခြင်း ဖြစ်သည်။ စနစ်ကောင်းဖြင့် ယှဉ်သန်ကြရသော မိသားစုဝင်များ သည် စနစ်ပျက်ဖြင့် စခန်းသွားရသော မိသားစုတို့ထက်ပို၍ သက်သောင့် သက်သာ ခရီးရောက်သကဲ့သို့ ဖြစ်ပါ သည်။ ၁၉၉၀ ပြည့်နှစ်များက ဗီယက်နမ်သည် ထိုင်းတို့၏ စီးပွားရေးကို မမီခဲ့။ ဦးဆောင်သူ လူမပြောင်း သော်လည်း ဗီယက်နမ်မှ စနစ်ပြောင်းသည့်အခါ တစ်ဟုန်ထိုး တိုးတက်လာသည်ကိုကြည့်ခြင်းဖြင့် စနစ်တစ်ခု၏ အကျိုးသက်ရောက်မှုကို တွေ့နိုင်မည် ဖြစ်သည်။ စနစ်ကောင်းတစ်ခုသည် အချီအမကို ဖြစ်စေသည်၊ အပံ့အပိုးကို ဖြစ်စေသည်။ လူတော်များကိုလည်း မွေးထုတ်နိုင်သည်။ စနစ်ကောင်းဆိုတာ စနစ်ကောင်းတစ်ခုသည် ဆွေးနွေးသည့် အဆင့်ပေါ်မူတည်၍ အတိမ်အနက်ကြီးသည်။ အခြေခံအားဖြင့် Openess ဟူသော ပွင့်လင်းမှု၊ Trans-parancy ဟူသော ထင်သာမြင်သာ ရှိမှု၊ Appreciation ဟူသော လက်ကမ်း မှုတို့ပေါ်အခြေခံအားဖြင့် မူတည်သည်၊ အဖွဲ့အစည်းများနှင့် ဥပဒေ (Institu-tions) များ အားမသာလျှင် လူမှုအဖွဲ့ အစည်းများ (Civil Societies) များ မထက်မြက်လျှင် တစ်ဦးချင်း Capa-city Building ဟူသည် သဲထဲရေသွန် ဖြစ်ပါမည်။ ကောင်းသော Institutions များရှိခြင်းသည် စနစ်ကောင်းဖြစ်ပြီး ထိုစနစ်ကောင်းရှိပါမှ Capacity Building လုပ်ယူ၍ အကျိုးဖြစ်ထွန်း နိုင်ပါသည်။ သို့မဟုတ်ပါက ရေများ ရေနိုင်/ မီးများ မီးနိုင်ဖြင့် ပလိုင်းပေါက် နှင့် ဖားကောက်သည်ထက် ပိုမည် မဟုတ်။ အကြံပေး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး စသည်တို့အားလုံးတွင် တိုးတက်ကြီးပွားလာသောအခါ ဦးဆောင်သူသည် အရေးအရာအားလုံးကို မစေ့ငုမိနိုင်တော့။ များသောအားဖြင့် အကြံပေးအဖွဲ့များ၊ ဥာဏ်ကြီးရှင်(Think Tank) များ ထားရှိကြရသည်။ ခေါင်းဆောင်က ဖြစ်သင့်-မသင့်၊ တော်-မတော်ကို နောက်ဆုံး အဆုံး အဖြတ်ပေးရန်သာ ဖြစ်သည်။ ဤ အတွက် Perspective View မှ ကြည့် တတ်ရန်လိုသည်။ အကျိုးဆက် Consequences များကို တွက်ချက် တတ်ရန်လိုသည်။ စနစ်ကောင်းတစ်ခု တွင် ရှိကြသောနိုင်ငံများတွင် သာမန် အမတ်လောက်နှင့် ၀န်ကြီးတာဝန် မထမ်းဆောင်ဘူးဘဲ သမ္မတအဖြစ် လုပ် ကိုင်နိုင်ကြခြင်းမှာ အရည်အသွေးရှိသော Aide များရှိ၍ ဖြစ်သည်။ အမြော် အမြင်ရှိသော၊ အရည်အသွေးမြင့်သော၊ ကိုယ်ကျိုးစီးပွား ရှေ့တန်းမတ်သော Aides များကိုထားရှိလျှင် ညှိနှိုင်း မှုများကို ကောင်းစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယုံကြည်မှုမှတိုးတက်မှုသို့ ကိုယ့်ကိုယ်ကို ယုံကြည်ရန် ဦးစွာလိုပါသည်၊ မိသားစုအတွင်း ယုံကြည်မှု ရှိသင့်သည်၊ အဖွဲ့အစည်းများတွင် ဦးဆောင်သူနှင့် နောက်လိုက်များ အပြန်ပြန် အလှန်လှန် ယုံကြည်မှုရှိရပါသည်။ မတူညီသော အဖွဲ့အစည်းများတွင် လည်း Mutual Trust ရှိရပါမည်၊ သို့မှသာ ပူးပေါင်းမှုကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အမေရိကန်တွင် လောလောဆယ် စီးပွားရေးအကျပ် အတည်းကြောင့် ကမ္ဘာ့ဧရာမ လေ ကြောင်းလိုင်းကြီး နှစ်လိုင်းဖြစ်သော Northwest နှင့်Delta Airline နှစ်ခု ပူးပေါင်းသွားကြသည်။ ထိုကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး ခေါင်းဆောင်နှစ်ဦးအနက် တစ်ဦးက CEO အဖြစ် ဦးဆောင်ခွင့် ရခြင်းမှာ Trust Building ကို တည် ဆောက်နိုင်၍ ဖြစ်သည်။ နိုင်ငံကြီး သားစိတ်ဓာတ်ဖော်ပြရာကျပြီး ရင့်ကျက်မှု၏ အတုံ့အပြန်ကြောင့်လည်း ဖြစ်သည်။ ယုံကြည်မှုအဆင့် မည်မျှယုံကြည်ရမည်၊ ယုံကြည်ကြသည်ကို ပြောရန်လိုပါသေးသည်။ Level of Trust ဟုပြောသည်၊ လင်မယား အိမ်ထောင်စုတွင် တစ်ဦးနှင့် တစ်ဦး မယုံကြည်ကြပါက အိမ်ပြန်နောက်ကျသော ခင်ပွန်းအတွက် ဇနီးသည်က သောကရောက်ရပါသည်။ တချို့ဇနီးမယားများက "အချိန်တန်ရင် ချည်တိုင်တော့ပြန်လာမှာပါ" ဟူသော အတွေးသည် သူ့ယောက်ျားကို တစ်ဝက်ယုံပေးခြင်းဖြစ်သည်။ အပျော်အပါးတပ်မက်ဦးတော့ အိမ်ထောင်ရေးပျက်စီးရန်အထိ လုပ်မယ့်သူ မဟုတ်ဟု တစ်ဝက်ယုံပေးခြင်းဖြစ်သည်။ လုံးဝမယုံသည်ထက်စာလျှင် တော်သေးသည်ဟု ကောက်ချက် ချ၍ရပါသည်။ တချို့က ယောက်ျားသွားလေရာ မိန်းမက လိုက်သည်၊ မိတ်ဆွေထဲတွင် စီးပွားရေး အတော်အတန်တောင့်တင်းပြီး သားသမီးများပင်အိမ်ထောင်ကျကာ ကိုယ်လည်း ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးသည့် အိမ်ထောင်တစ်ခုတွင် ခင်ပွန်းသွားလေရာ ဇနီးက လိုက်နေသည့် CEO တစ်ဦးကို တွေ့ဖူးသည်။ အချစ်လွန်သည်ထက် ယုံကြည်မှု လုံးဝ မရသူဟု မြင်ပါသည်။ အကြောင်းချင်း သိ၍ လိုက်သူကိုလည်း အဆိုးပြော၍ မရ၊ ထိုမိတ်ဆွေ CEO လုပ်သူမှာလည်း လစ်လျှင်လစ်သလောက် လှစ်ခနဲ၊ လှစ်ခနဲနေသည်။ ယုံကြည်ရန်မရှိ၍ ယုံကြည်၍မရသည်မှာ မဆန်း။ အထက်ပါသာဓကတွင် ယုံကြည်မှုမည်မျှ ရရှိသည်ဟူသော ပမာဏပေါ် မူတည်၍ Level of Trust ဟူ၍ ဖြစ်လာ သည်။ လုပ်ငန်းကြီးလာလျှင်၊ ရည် ရွယ်ချက်ကြီးလာလျှင် တစ်ဦးနှင့် တစ်ဦး Highest Level of Trust ဖြင့် ဆောင်ရွက်မှသာ ရရှိပါသည်။ အရှေ့အလယ်ပိုင်း အစ္စရေး ပါလက်စတိုင်း မတည်ငြိမ်မှုမှာ နှစ်ပေါင်း သုံး-လေးဆယ်မက ရှိနေပါသည်။ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြား၍ စေ့စပ်ညှိနှိုင်းမရနိုင်ကြသေးခြင်း ဖြစ်သည်။ "အစ္စရေးမြေ မရှိစေရ"ဟူသော ပါလက်စတိုင်းခေါင်း ဆောင်တစ်ဦး၏ အတိတ်ကကြွေးကြော်မှုသည် ယုံကြည်မှုတည်ဆောက်၍ မရလောက်တဲ့အထိ ရိုက်ခတ်လျက် ရှိနေပါသေးသည်။ ခေါင်းဆောင်များအကြား အမြင်ရှိရန်လိုပါသည်။ ခပ်လွယ်လွယ် ပြုမူမှုသည် လမ်းဘေးကလူတစ်ဦး အတွက် မထောင်းသာသော်လည်း ခေါင်းဆောင်မှု အဆင့်အတန်းပေါ် မူတည်၍ ကာလများစွာအထိ အကျိုး သက်ရောက်မှု ရှိတတ်ပါသည်။ ယုံကြည်မှုရကြရန် ယုံကြည်စွာ ပြုမူဖို့ လိုပါသည်။ ရည်ရွယ်ချက် ရည်မှန်းချက်တို့ကို ညှိနှိုင်းရပါသည်။ ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံ မှုတို့ဖြင့် တည်ဆောက်ရပါသည်။ အများအကျိုးဟူသော စိတ်ဆန္ဒ မျိုးထားတတ်ရန် ဖြစ်ပါသည်။ နေဇင်လတ် |
Sunday, August 10, 2008
West Vs East (Contacts)
Blue: Contact to related person only
အနောက်တိုင်းမှာ အဆက်အသွယ်တွေ အများကြီးမလုပ်ကြပါ- သူတို့ က individualism ဖြစ်သည့်အားလျော်စွာ လိုအပ်သလောက်ပဲအဆက်အသွယ်လုပ်ကြသည်။ ဒါကြောင့်သူတို့ ဆက်သွယ်တဲ့လမ်းကြောင်းကြည့်ရင် တော်တော်ရှင်းသည်။
Red: Contact everyone everywhere, business very successful.
ဒီအရှေ့ တိုင်းပုံကျတော့ Contacts တွေက တော်တော်သပွတ်အူနိုင်လှသည်။ သူ့ ထဲမှာပြောထားတာက လူတိုင်းလူတိုင်းက နေရာတိုင်းမှာ အဆက်အသွယ်လုပ်ကြပြီး Business မှာအရမ်းအောင်မြင်နိုင်တယ်ဆိုပဲ-
Communication ကောင်းတယ်လို့ ပဲပြောရမလား-မြန်မာတွေကတော့ အပေါင်းအပါတော်တော်မင်သည်။
ဒီထဲကပုံအတိုင်းဆို Advertising ထဲက Word of mouth က တော်တော်အသုံးဝင်သည်။ စီးပွားရေးလုပ်ငန်းတွေသည် ဒီအချက်ကို မမေ့သင့်-
West Vs East (Punctuality)
Blue : on time.
အနောက်တိုင်းကလူတွေကနေ အမြဲလိုလို အချိန်မှန်တက်တာများပါသည်။ဒါ သူတို့ ရဲ့ ကောင်းတဲ့စရိုက်ပဲနော်-
Red : in time.
အရှေ့ တိုင်းက ကျွန်မတို့ ကတော့ သိတဲ့အတိုင်း နောက်ကျ ရင် ကျ မကျရင် စောရောက်တက်ကြပါတယ်။ တကယ်တမ်း နောက်ကျတာများပါတယ်-စောရောက်လာရင်လည်း လေပေါကျနဲ့ - တကယ်ပြင်ရမှာ-ကျွန်မလည်းနောက်ကျတာများတာမို့  ဒီပုံလေးကို အရမ်းကြိုက်တယ်-
Saturday, August 9, 2008
West Vs East (Way of Life)

West Vs East (Opinion)

Blue : Talk to the point
အနောက်တိုင်းတွေက လိုရင်းတိုရှင်းပြောတာပဲကြိုက်တာများသည်။
Red : Talk around the circle, especially if different opinions.
အရှေ့ တိုင်းကတော့ ရွာပတ်ပြီးပြောကြတာများသည်။ ပြောမဆုံးပေါင် ဖြစ်ကြတာများပြီး လိုရင်းကို လွယ်လွယ်နဲ့ မရောက်ကြတာများသည်။