Friday, August 7, 2009

Confession of the Economic Hitman

( Confession of the Economic Hitman ဆိုတဲ့ စာအုပ်ကိုဖတ်ရတော့ တော်တော် ကြက်သီးထသွားတယ်။ စီးပွားရေးသူလျှိုတစ်ယောက်ရဲ့ ဖြောင့်ချက်လို့ အမည်ပေးပြီး ရေးလည်းရေးဖြစ် သွားပါတယ်။ အဲဒီထဲမှာ နိုင်ငံတွေအသီးသီးမှာ ကော်ပိုရိတ်စနစ်ကို မသိမသာသွင်းတာ၊ ရိုးရိုးအမြစ်တွယ်တာမဟုတ်ဘူး။ အဲဒီနိုင်ငံရဲ့ အနာဂါတ်စီးပွားရေးတိုးတက်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေတွေ ထုတ်ချေးပြီး ကုန်ကျငွေတွေ ပြန်ယူသွားပြီး နိုင်ငံတွေကို နွံနစ်စေတာ၊ ပြောရင်တော့ ကမ္ဘာအဆင့် လိမ်နည်းတစ်မျိုးပဲ။အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရတော့ ဗိုလ်ချုပ်ကြီး ဆူကာနို တက်တယ် ။ သူက လက်ဝဲသမား၊ သိပ်မကြာဘူး။ ဗိုလ်ချုပ်ကြီး ဆူဟာတိုက အာဏာထပ်သိမ်းတယ် ။ သူ့ ကျတော့ လက်ယာသမား၊ အင်ဒိုနီးရှားနိုင်ငံရဲ့ အနာဂါတ်စီးပွားရေး တိုးတက်နှုန်းကို (၁၁%) လောက်ဖြစ်အောင် နိုင်ငံခြားပညာရှင်တွေက ကန်းဂဏန်းအမှားတွေနဲ့ တွက်ချက်ပြီး စွမ်းအင်လိုအပ်ချက်ကို နှစ်စဉ် (၁၇%) တိုးတက်မယ်ဆိုပြီးတွက်လိုက်ကြတယ်။ ပြီးတော့ ကမ္ဘာ့ ဘဏ်လိုနေရာမျိုးက ငွေတွေချေးပြီး ပညာရှင်တွေ အသုံးပြုခ ကုန်ကျစရိတ်တွေ ပြန်နှုတ်ကြတယ်။ Over Estimation ဆိုတဲ့ ပိုပြီးတွက်ချက်ထားမှုကြောင့် မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေဆီ တကယ်အကျိုးမရှိဘဲ ရောက်သွားရော။ လူပြိန်းစကားနဲ့ ပြောရရင် ငါးကျပ်မြတ်မယ့်အလုပ်ကို တစ်ရာရင်းရင် ရလျက်သားနဲ့  ငါးရာ ရင်းခိုင်းလိုက်တဲ့ သဘောပဲ။ ဒါပေမယ့် အတိုးကတော့ မနေဘူး။အကျိုးအမြတ်ထက် အတိုးက များလို့ တိုင်းပြည်တွေ မထူထောင်နိုင်အောင် လိမ်ပြီးသတ်တ့သဘောလို့  အကြမ်းဖျင်းပြောလို့ ရပါတယ်။အဲဒီလို လိမ်ချက်က တော့ အတော်ပြောင်မြောက်တယ်။ စီအိုင်အေလို ထောက်လှမ်းရေးမျိုးရယ်၊ ကမ္ဘာ့ ဘဏ်လို ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကြီးတွေရယ်၊ ကြားခံပညာရှင်အဖွဲ့ ရယ်၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးရယ်၊ ဆိုင်ရာ နိုင်ငံက ၀န်ကြီး၊ ၀န်လေးတွေရယ် ကျယ်ကျယ်ပြန့် ပြန့် ပေါင်းပြီးလိမ်ကြတာ။ စာအုပ်က ဖတ်ပြီး လက်ကမချချင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ အရောင်းရအတွင်ကျယ်ဆုံး Best Seller လည်းဖြစ်ခဲ့တယ်။ အီရန်က ‘ ရှား’ ဘုရင်အကြောင်းလည်း အဲဒီစာအုပ်ထဲမှာပါတယ်။ အမေရိကန်က ‘ ရှား’ ဘုရင်ရဲ့ အဖေကိုဖြုတ်ပြီး ‘ ရှား’ ကို နန်းတင်ပေးတာ၊ ကွေ့ ကောက်လှည့်ပတ်ပြီး ဘောလုံးကစားသလို နောက်ဆုံး ‘ ဂိုး’ ‘ သွင်းတာ ဖတ်လို့ အတော်ကောင်းတယ်။ ပနားမားတို့ အီကွေဒေါတို့ ၊ ဆော်ဒီအာရေးဗျတို့ လည်း ပါတယ်။ နောက်ဆုံး အီရတ်ကို စစ်ခင်းတာ၊ အာဖဂန်နစတန်ကို စစ်ခင်းတာတွေကအစ ပါတယ်။ အဲဒီလုပ်ရပ်တွေကျတော့ မဟာဗျူဟာသိပ်ကျလို့ ရှုပ်ရှုပ်ထွေးထွေးနဲ့ စစ်တုရင်တစ်ပွဲ ကစားနေရသလိုပါပဲ။ ခပ်ဝေးဝေးမြင်ပြီး ကစားနိုင်သူက နောက်ဆုံးအောင်ပွဲ ခံသွားတယ် ဆိုပါတော့။ နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ ကျွန်မပြုတော့ဘူး။ စီးပွားေ၇းအရ အမှီအခို ကြီးကြီးမားမားဖြစ်အောင်၊ အကြွေးပါအောင်လုပ်ပြီး စီးပွားရေးကိုလိုနီချဲ့ ပစ်တာ။ အဲဒီထဲမှာ ငွေလိမ်တာမျိုးရော၊ လူကိုလိမ်တာမျိုးရော၊ အာဏာကိုလိမ်တာမျိုးရော၊ နိုင်ငံရေးစနစ်ကို လိမ်တာမျိုးရော အကုန်ပါတယ်။ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။ -နေဇင်လတ် ) ဆရာနေဇင်လတ်ရဲ့ သိဖို့ လား ရှိဖို့ လား စာအုပ်မှ

No comments: